Just Create

ဒီဂျစ်တယ် နည်းပညာအသုံးပြုပြီး တစ်ကိုယ်ရည် ဖန်တီးသူများသည် အနာဂါတ်ရဲ့ စီးပွားရေးပုံစံတစ်ခုဖြစ်တယ်

Story of Creathit

အနာဂတ်မှာ အင်တာနက်ကတော့ ဆက်ရှိနေအုံးမယ်လို့ထင်တယ်။ မရှိရင် ကိုယ်တွေလဲ ဒီမှာနေနိုင်မယ်လို့ မထင်ဘူး။ အင်တာနက်ရှိနေရင်Creator Economy ကတော့ရှိနေအုံးမှာပဲ။

Creator တွေဟာ လွတ်လပ်စွာ ဖော်ထုတ်ပိုင်ခွင့်နဲ့ Digital နည်းပညာတွေတိုးတက်မှုနဲ့အတူ ပေါ်လာကြတယ်။ ကျွန်တော်ကတော့ Creator တွေကို Artists, Bloggers, Coders, Designers, Entrepreneurs ဆိုပြီး A, B, C, D, E ဆိုပြီး အလွယ်တကူပြောလေ့ရှိတယ်။

ဒီလူတွေ တခြားသူတွေနဲ့ မတူတာက ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်ကို အသစ်တွေ ဖန်တီးပေးခြင်းနဲ့ အလုပ်အကျွေးပြုတယ်။